Saturday, February 16, 2013
နာအိုနင်း နဲ့ ကျွန်တော်ချစ်သူ
နာအိုနင်း ဆိုတာကတော့ အများသိကြမှာပါ MRTV4 ရုပ်သံမှာ အတော်နာမည်ကြီးသွားတဲ့ ဇာတ်လမ်းတွဲပေါ့
ကျွန်တော်ကတော့ အလွယ် နာအိုနင်းလို့ပဲ ခေါ်တယ် တကယ်ဇာတ်ကားနာမည် က နွေးထွေးသောရင်ခွင် တဲ့
နာအိုနင်း ဇာတ်ကား လာခါစ က ကျွန်တော် သိပ်မကြိုက်လှဘူး--နာအိုနင်း အိုက်တင်တွေ အိုဗါ ဖြစ်နေတယ်ထင်မိတယ်
ဒါပေမဲက ကိုရီးယား ကားဆို မလွတ်တမ်းကြည့်တတ်တဲ့ မေမေ့ ကျေးဇူးနဲ့ နောက်ပိုင်း ဆက်ကြည့်ရင်းက ကြိုက်လာတယ်
ကျွန်တော်ချစ်သူ ဆိုတာကတော့ ကျွန်တော် နဲ့ ရီးစားဖြစ်နေတဲ့ ကောင်မလေး ပေါ့ -သူက ကျွန်တော်ထက်အများကြီးငယ်ပါတယ်
အများကြီးဆိုတာ တော်တော်ကြီးငယ်တာပါ---သူနဲ့မထင်မှတ်ပဲ သမီးရီးစားဖြစ်သွားတာပဲ---တကယ်ဆို သမီးရီးစားဖြစ်တဲ့နေ့ကို ကျွန်တော်
မမှတ်မိပါဘူး--ဘာလိုလည်းဆိုတော့ ဘယ်နေ့မှ အတိအကျ သမီးရီးစားဖြစ်သွားတယ် ကို နှစ်ယောက်စလုံးမသိလိုက်ဘူး
ကျွန်တော် သူ့ကို မြင်မြင်ချင်းသဘောကျတယ် ဆိုတာ ၀န်ခံပါတယ်၊ သမီးရီိးစား ဖြစ်အောင်ထိ ကျွန်တော် မမျှော်လင့်ထားပါဘူး
ဘာလို့လည်းဆိုတော့ ကျွန်တော် သူနဲ့မဖြစ်ခင်အချိန်မှာ ရီးစားနှစ်ယောက်ရှိတယ်--အပျော်တမ်းရီးစားတွေပေါ့ -သူ့မှာတော့ ရီးစားတစ်ယောက်
ရှိတယ်။ ကျွန်တော်က အင်တာနက်ဆိုတာကြီးရဲ့ ဂျီတော့ ဆိုတာကနေ သူရီးစားနဲ့သူ ကို ဖျက်တယ်--ဘာလို့လည်းဆိုတော့ ကောင်မလေးက
အင်္ဂလိမ်စာ အဓိကနဲ့ ဘွဲ့ရထားသူ-ကောင်လေးက ဆယ်တန်းမအောင်သေးသူ ဖြစ်နေလိုပါပဲ---ဒီလို နေရင်းကနေ ကျွန်တော် အပျော်တမ်းရီးစား
စကားလည်းပြောဖြစ်တယ်။ အစက လက်မခံဘူး--နောက်ကျွန်တော် ဘက်က အတည်မဟုတ်တဲ့အတွက် ရှောင်နေတဲ့အချိန်တွေမှာ သူဟာအတင်း
တိုးဝင်လာပြန်ရော-သူ့ ရီးစား ကိုဖြတ်တဲ့အချိန်နဲ့ ကျွန်တော်ကို အဖြေပေးမှန်းမသိပေးချိန်တွေက ရှုပ်ထွေးသွားလို့ ချစ်သူဖြစ်တဲ့နေ့ကို
အတိအကျမသိတာပါ။ သူမှာ ကျွန်တော် လက်မခံနိုင်ဆုံးအပြစ်က ကျွန်တော်ထက် အရပ်ရှည်တာပါပဲ -ဒီလိုနဲ့ ရီးစားဖြစ်ပြီး လများမကြာမှီ
ကျွန်တော် သူ့ကို ဖြတ်ပါတယ်--အထူးသဖြင့် ကျွန်တော် သူနဲ့ ဖြစ်ပြီးတဲ့ နှစ်ထဲမှာ ကျတဲ့မွေးနေ့မှာ ကျွန်တော် အတော်စိတ်ပျက်မိပါတယ်
သူကအဲ့ဒီတုန်းကအရမ်းကို ပုံတုံးပြီး အေးစက်လွန်းပါတယ်--ဒီအတွက် စိတ်ပျက်တာမဟုတ်ပါဘူး---သူ့အရပ်ရှည်ကြီးနဲ့ ကျွန်တော် ဘယ်နေရာမှာ
အတူတွဲလျှောက်မလည်း ဆိုတာကို တွေးမိလိုက်တော့ အားငယ်စိတ်ပျက်သွားတယ်။ တချို့လည်းရှိပေမဲ့ ကျွန်တော်ကတော့ ရှေ့သွားနောက်လိုက်
မညီဘူးပဲထင်တယ်။ သူကျွန်တော်ထက် ၁၄နှစ်ငယ်တယ် ဒါပေမဲ့ ကျွန်တော်အပေါ်မှာ အမတစ်ယောက်လိုကောင်းတယ်-အရမ်းဂရုစိုက်တယ်
မှတ်မိသေးတယ် ကျွန်တော်နဲ့ မဖြစ်ခင်က ကျွန်တော်စားဖို့ ဆီချက်ခေါက်ဆွဲ ကို စက်ဘီးနဲ့ သွားဝယ်လာတာ ချွေးလေးတွေ စို့နေတာ ခုထိ
မျက်လုံးထဲကမထွက်ဘူး။ ပြန်စဉ်းစားရင်ငိုချင်တယ် သူကောင်းတာ ကျွန်တော်သိတယ် ၊ ကျွန်တော်ချစ်သူတွေထဲမှာတော့ သူ့ကိုအချစ်ဆုံးပါပဲ
ဒါကြောင့်လည်း သူနဲ့ဖြစ်ပြီးကတည်းက ရီးစားအားလုံးကို အဆက်ဖြတ်လိုက်တယ်။
ကျွန်တော်ဆိုတဲ့ ကောင်ကဘာလည်း မေးရင်တော့ ဖြေရမှပေါ့ဗျာ။ တစ်ခုလပ်ဗျ--ဒါပေမဲ့ အတော်စွံတယ် သူနဲ့ဖြစ်နေစဉ်အတောအတွင်းမှာပဲ
အရင်ရီးစားဟောင်းက သိန်း ၁၅၀ပေးပြီး သူ့ကိုဖြတ်ခိုင်းတယ် ၊ ယုံမလားမသိဘူး ၊ မယုံလည်း ပုံပြင်ပေါ့ဗျာ-ဒါပေမဲ့တကယ်
ကျွန်တော်က အဲ့လောက်တော့ အောက်တန်းမကျပါဘူး -ဒါကြောင့်လည်းမဖြတ်ခဲ့ပါဘူး --။
ဒါပေမဲ့ အဆိုးဆုံးက အိမ်က အဖေနဲ့ ညီ နဲ့ ပဲ ။ သူတို့က ဒီကောင်မလေးကို ဆင်းရဲတာချမ်းသာတာထက် အရင်ရီးစားရဲ့နောက်ကျောင်းသမိုင်း
မကောင်းလို့ ဒီကောင်မလေး နဲ့ လုံးဝသဘောမတူဘူး ။ အဲ့ဒီတုန်းကလည်း ဖြတ်ခဲ့သေးတယ် ၊ ဒါပေမဲ့ ကျွန်တော် မလွန်ဆန်နိုင်ခဲ့ပါဘူး
သူ့ရင်ခွင် ကိုပဲ ပြန်ရောက်တယ်၊ သူကလည်းနားလည်မှု့တွေပေးတယ် ၊ ဒါပေမဲ့ ပွဲလမ်းသဘင်တွေဆို ကျွန်တော်ဟာမပျော်ရတော့ဘူး
သူကလည်း ငယ်သေးတော့ ကျွန်တော်ကိုပျော်အောင်မထားနိုင်ဘူး- ညီတွေ သူငယ်ချင်တွေကလည်း ကောင်မလေးပါလာရင် မခေါ်ချင်ကြဘူး။
ဒါက ကျွန်တော်ဘက်က ပေးဆပ်ရတာပါ ၊ ကျွန်တော်အရင်းအနှီးက ပိုကြီးတယ် လို့ပြောရင်တော့ ကြီးကျယ်သွာမလားပဲ
ဒါပေမဲပြောပါရစေ ကျွန်တော်ဟာ အသက် ၃၀ကျော် ကိုယ်ပိုင်လုပ်ငန်း တွေနဲ့ ပိုက်ဆံကို အထိုက်အလျောက်သုံးနိုင်ပြီး ခုခေတ် နေရာတော်တော်
များများမှာ ကဲနိုင်သူပါ။ကြွားတယ်ထင်ချင် ထင်ပါတော့။ ဒါပေမဲ့ ကျွန်တော်က ဘယ်နေရာရောက်ရောက် ကောင်မလေးတွေ ရဲ့ နုတ်ခမ်းနီးလေး
တွေ-မိတ်ကပ်နံ့လေးတွေ -၀တ်ထားတဲ့ ဒီဇိုင်းအလန်းလေးတွေ ကိုပဲမက်မောတယ် သူတို့ လှတာကို ခံစားတယ်၊ စားသုံးဖို့စိတ်ကူးမရှိဘူး
ကျွန်တော်ချစ်သူလေးကိုလည်း အခြားကောင်မလေးတွေ လန်းသလို လှသလို လှစေချင်တယ် အ၀တ်အစားအသုံးအဆောင်တွေဝယ်ပေးချင်တယ်
အဲ့ဒီမှာ ပြဿနာ ပဲ သူအရပ်ရှည်ကြီးနဲ့ အတူရှော့ပင်ထွက်ဖို့ခက်တယ်---ကျွန်တော်ရှက်တယ် ၊ သူ့ကိုပဲ ၀ယ်ခိုင်ရင် ကျွန်တော် ပိုက်ဆံမပေးရပါ
ဘူး ဒါပေမဲ့ သူဝယ်တဲ့ အဆင်တွေက အဖွားကြီးအဆင်တွေ ၊ ကျွန်တော်မုန်းတဲ့အရောင်တွေ ၀ယ်လာတတ်တယ်
သူပြောဖူးတယ် အဖြူနဲ့ အနက်ပဲ ၀တ်ရင် စားပွဲထိုးနဲ့တူနေမှာပေါ့ ဆိုတဲ့ စကားက ခုထိ မကျေနပ်သေးဘူး၊ ဘာလို့လည်းဆိုတော့ ကျွန်တော်
က အဖြူနဲ့အနက်ကို သိပ်ကြိုက်တာ ၊ တကယ်လည်း အဖြူနဲ့အနက် ပဲတွဲ ၀တ်တယ်။ ဒါကျွန်တော် စတိုင်လ် ပဲလေ------
ဒီလိုပဲ ကျွန်တော်စိတ်ကို ကသိကအောက်ဖြစ်အောင် တော့လုပ်တတ် တဲ့ အကျင့်ဆိုးလေးရှိတယ်၊ သနားလို့ခွင့်လွှတ်တာများပါတယ် ။
သူနဲ့ကျွန်တော် ချစ်သူသက်တမ်း တစ်နှစ် မပြည့်တစ်ပြည့်မှာ ကျွန်တော် သူ့ကို ဖြတ်ဖို့ကျိုးစားတယ်၊ ကံဆိုးစွာပဲ သူရဲ့ အမေဆုံးပါးသွားတယ်
သူ့အမေဆုံးပါးချိန်း နဲ့တိုက်ဆိုင်သွားတော့ ဖြတ်မယ်ဆိုတဲ့အင်အားမရှိတော့ဘူး၊ သနားနေတာနဲ့ နောက်ဆက်တွဲတွေဖြစ်လာတယ်
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့ဗျာ--
ဒီဘက်နှစ်တွေထဲမှာတော့ သူ ကျွန်တော် စိတ်ကို ကသိကအောက်ဖြစ်စေတာများလာတယ်ထင်တယ်---အဆင်မပြေတဲ့နေ့ရက်တွေလည်းများလာတယ်။
နာအိုနင်းနဲ့ကျွန်တော်ချစ်သူဆိုတာ ခုမှ စမှာဗျ၊ ကျွန်တော် သူ့ကို စိတ်ကုန်နေတုန်း MRTV4 က နာအိုနင်းရဲ့နွေးထွေးသောရင်ခွင် ဇာတ်လမ်းတွဲလာ
တယ်---အဲဒီအထဲ ကနာအိုနင်းက ယောကျာင်္းအပေါ် ကောင်းသလောက် ယောကျာင်္း က မယားငယ်ထား ဖေါက်ပြန် မိန်းမတန်ဖိုးမသိ တဲ့အခန်းတွေ
ကြည့်ရတော့ နာအိုနင်း ယောကျာင်္း လို မဖြစ်ချင်တော့ဘူး။ ဒါနဲ့ သူနဲ့အဆင်ပြေအောင်ကျိုးစားတယ် ပျော်စရာတွေဖန်တီးတာ ကျွန်တော်အသက်
အရွယ်နဲ့ဆို ငပေါကြီးဖြစ်လို့ပေါ့--နာအိုနင်း ဇာတ်ကားထဲမှာ နာအိုနင်း က နေစရာမရှိအောင်ကို ဒုက္ခအတိရောက်သွားတယ်၊ ဒါလည်း သူ့ယောကျာင်္း
က ဒုက္ခပေးတာ ။ ဒါပေမဲ့ နာအိုနင်း ရဲ့ ကျိုးစားမှု့ ကံကြမ္မာရဲ့မျက်နှာသာပေးမှု့တွေ ကို နာအိုနင်း ခံယူချိန်မှာ နာအိုနင်းရဲ့ မယားငယ် သေဆုံးတာတွေ
နာအိုနင်း ယောကျာင်္း ကျဆုံးတာတွေ ကြည့်ရတော့ ကျွန်တော် ကြောက်တာထက် လူသားတစ်ယောက် ပီသချင်တာများသွားတယ်-----
ဒါကြောင် ကျွန်တော်ချစ်သူ ကို ကူညီနိုင်သလောက်ကူညီတယ်---ပျော်ရွှင်အောင် ထားတယ်--ငါ နာအိုနင်းယောကျာင်္းလိုမဖြစ်ရဘူး လို့အတွေးဝင်လာတယ်
ဇာတ်လမ်းထဲက နာအိုနင်း ယောကျာင်္း ကလည်း သူမှာကင်ဆာ ဝေဒနာ ခံစားနေရတာသိတော့ နာအိုနင်းအပေါ် ပြန်ကောင်းတာတွေ ကြည့်ရတယ်
နွေးထွေးသောရင်ခွင်ဇာတ်လမ်းတွဲ က နာအိုနင်းနဲ့ နာအိုနင်းယောကျာင်္း တို့အဆင်မပြေရာကနေ နာအိုနင်း ယောကျာင်္း သေသည်အထိ ရိုက်ပြထားတယ်
နာအိုနင်းယောကျာင်္ က အစပိုင်းမှာမုန်းစရာကောင်းသလောက် သေဆုံးခါနီးမှာ သမီးနဲ့ဇနီးအပေါ်တာဝန်ကြေချင်စိတ် တအားရှိနေတာတွေ့တော့
ကျွန်တော် အားကျမိတယ်---သူလို နောင်တမရချင်ဘူး----ဒါကြောင့် ကျွန်တော်ချစ်သူအပေါ်မှာ သီးခံခဲ့တယ်
နာအိုနင်းဇာတ်ကား ပြီးသွားပါပြီ---ကျွန်တော် လည်း ည ၇ နာရီတွေမှာ နာအိုနင်းကိုလွမ်းနေမိတယ်--ကျွန်တော်က ကိုရီးယားကားတွေမှာဒီကားကိုပဲကြည့်
တယ်လေ။ ဒီကားအပြီးမှာ ကျွန်တော့် ချစ်သူနဲ့တွေ့နေကြပါ။ကျွန်တော် အဲ့ဒီ့ကားစောင့်ကြည့်နေတာ သူသိပုံမရပါဘူး ။ဒီကား ကြည့်ရင်း သူ့ကို
သီးခံနေတယ် ဆိုတာ သူသိပုံမရပါဘူး။ ဒီဇာတ်ကား ပြီးခါနီးကာလတွေမှသာ ကျွန်တော် အမှတ်မဲ့ပြောမိလို့ သူနဲနဲ ရိပ်မိယုံလောက်ပါပဲ
ကံကုန်သွားပြီလား ဒီလိုနဲ့ ကျွန်တော်မှာ အဆင်မပြေတာတွေများလာတယ်။ ငွေရေးကြေးရေးအရှုံးပေါ်တာတွေရှိတယ်။ဆွေးမျိုးတွေထဲမှာ ဒုက္ခရောက်သူ
တွေရှိလို့ ကူညီစရာတွေပေါ်လာတယ်---အိမ်ခြံမြေကိစ္စ တွေ ချိန်ကိုက်ဗုံး လို တချိန်တည်းမှာ စုပြုံပြီး ကျွန်တော် ကို ဒုက္ခပေးတော့တယ်
ဒါတွေသူမသိဘူး တချို့လည်း သိမှာပေါ့---သူက ကျွန်တော်ကို ဂျီကျ ပူဆာ နေတာတော့မဟုတ်ဘူး -သူ့မှာလည်း မေတ္တာငတ်တဲ့ ပြဿနာလိုမျိုး
စိတ်တ္တဇ အတွေးတွေရှိတယ်--ကျွန်တော်လည်း အရင်ကလို တော်ရုံ ကို အလျော မပေးတတ်တော့ဘူး----ကျွန်တော်စိတ်တွေရိုင်းနေတယ်
ကျွန်တော်စိတ်တွေ တိုနေတာ စိတ်တွေ ရိုင်းနေတာ သူ ကိုမဟုတ်သလို -သူ့ကြောင့်လည်းမဟုတ်ဘူး--ဒါပေမဲ့ အရင်လို အထာမကျတာတွေဖြစ်တာ
တော့အမှန်ပဲ---။ သူက သူ့ကို စိတ်ကုန်သွားပြီထင်တယ် ။ အမှန်အတိုင်ပြောရရင်လည်း စိတ်လည်းကုန်တယ်ဗျ။ ကျွန်တော်မှာအချစ်တဲ့အရေးကြီးတာ
တွေရှိသေးတယ်။ သူက ရိုးသားသား ဖုန်းမက်ဆေ့ရှ် ပို့ပေမဲ့ ကျွန်တော် အယူအဆလွဲတာတွေ ရှိလာတယ်၊ ပြီးတော့အဆိုးဆုံးက သူ အတ္တတွေကို
ကျွန်တော် မြင်လိုက်ရတာပဲ---။ ကျွန်တော်ပြောတာ မိုက်ရိုင်းမလားမသိဘူး ။ သူမှာ ကျွန်တော်အတွက် ဘာမှ မရှိဘူး ဥစ္စာ ကိုကြည့်မလား
ရုပ်ရည်ကလည်း ကျွန်တော် ကြိုက်တာကလွဲလို့ ရွက်ကြမ်းရေကျိုပါပဲ ၊ ကျွန်တော် တို့ ယောကျာင်္လေးတွေမှာ တစ်သက်လုံးနွားလို ရုန်းကျွေးရမှာပါ။
ဒီလိုနဲ့ ပဲ စကားအခြေအတင်လည်း မပြောဖြစ် -စကားလုံးနည်းပါးစွာ ထိုင်နေရင်း ကနေ အက်ကြောင်းထင်လာတယ်--
နောက်ဆုံး နာအိုနင်းယောကျာင်္း ကိုလည်းအားမကျနိုင်တော့ဘူး ဖုန်းထဲက မက်ဆေ့ရှ်နဲ့ ပဲ လမ်းခွဲ လိုက်ကြတယ်။
ကျွန်တော် လူကောင်းတစ်ယောက်ဖြစ်အောင်ကျိုးစားပေမဲ့ ရိုက်ခတ်လာတဲ့ လောကဒဏ် တွေများတော့ လူကောင်းမဖြစ်နိုင်ခဲ့ပါဘူး။
ကျွန်တော် နှလုံးသားကတော့ လောလောဆယ် နာအိုနင်း ယောကျာင်္းလို သေဆုံး နေပါပြီ------- နာအိုနင်း ဆိုတာကတော့ အများသိကြမှာပါ MRTV4 ရုပ်သံမှာ အတော်နာမည်ကြီးသွားတဲ့ ဇာတ်လမ်းတွဲပေါ့

ကျွန်တော် နှလုံးသားကတော့ လောလောဆယ် နာအိုနင်း ယောကျာင်္းလို သေဆုံး နေပါပြီ-------
Subscribe to:
Post Comments (Atom)
ှStarStone ဒါ ငါ့ ရဲ့ ကိုယ်တိုင်ရေးပါ --ကူးထားရင်လည်း --လေးစားမှု့ နဲ့ မူရင်း စာရေးသူကို ရေးမှ ပေါ့ ----ခုလို့ လူမသိ သူမသိ ခိုးတာတော့မကောင်းပါဘူး --
ReplyDeleteဒါ ငါ ရဲ့ ပထမ ပို့စ် က Planet.com.mm မှာ တင်တယ်--
ReplyDeleteနောက် Facebook မှာ တင်တယ်----
ခု ဒီမှာ လာတွေ့နေရတယ် -----